သင်္ကြန်ကျပြီ
ရေတွေပုံးလိုက်လောင်းချလိုက်သလို
အပျော်တွေဖြန်းပက်ကြ
လက်လှမ်းမှီရာအပျော်တွေနဲ.
လက်လှမ်းမှီသူကိုဖြန်းပက်ကြ
ရေစိုနေတဲ.မနက်ခင်းဟာ
အပျော်တွေနဲ.တောက်ပနေတယ်။
လူတိုင်းရေတွေ ရွှဲရွှဲစို
လူတိုင်းအပျော်တွေ ရွှဲရွှဲစို
ဒီလိုမပျော်ရတာကြာပြီမဟုတ်လား။
ပြီးခဲတဲ. သင်္ကြန်တွေမှာ
အရက်ဖိုးအကြွေးသာ အဖတ်တင်တယ်
ဘယ်မှာပျော်ခဲ.ရလို.လဲ ။
ခုတော.
ခင်ဗျားလဲ ပျော်တယ်
ကျွန်တော်လဲ ပျော်တယ်
ဟိုမှာ
ပိတောက်ပွင်တွေတောင် ပျော်နေတယ်။
လမ်းမတိုင်း
အပျော်တွေ ရွှဲရွှဲစို
မဏ္ဍတ်တိုင်း
အပျော်တွေတလွင်.လွင်.
ဂျစ်ကားတစီး
အပျော်တွေတင်ပြီးထွက်သွားလေရဲ.
မြို.ထဲကို ။
ညည
ကျွန်တော်တို.ကျုံးဘေးမှာလှည်.ပတ်နေတာ
ရောင်စုံအပျော်တွေတောက်ပနေတဲ.
သင်္ကြန်ကားတွေပေါ. ။
သံချပ် သံကြားတော.
ကျွန်တော်. အဘိုးလဲပျော်နေတယ်
" ငါ.မြေးသင်္ကြန်ကျပြီ " တဲ.
နှစ်ပေါင်းနှစ်ဆယ်ကျော်
ကျွန်တော်မကြားဖူးတဲ.စကား
အဘိုးကပြောလာတော. ကျွန်တော်လဲပိုပျော်သွားတယ်။
ကမ္ဘာပေါ်မှာ
ပိတောက်ပွင်.တဲ.ရက်တွေဟာ
ရွှေထက်တန်ဖိုးကြီးတဲ.ရက်တွေပေါ.
ငွေ ရှိရင် ရွှေကိုဝယ်ချင်တိုင်းဝယ်လိုရတယ်
ပိတောက်ဆိုတာ
နွေဦးရောက်တိုင်းပွင်တာမဟုတ်ဘူး
ကိုယ်.လူမျီုး
ကိုယ်.ယဉ်ကျေးမှု
ကိုယ်.နိုင်ငံကိုချစ်တတ် မှ
ပိတောက်ဆိုတာပွင်.တယ် ။
ကြည်.စမ်း
မြို.တိုင်း ရွာတိုင်း
ပိတောက်တွေလှိုင်လှိုင်ပွင်ကြပြီ
ကြည်.စမ်း
ခေါင်းတွေမော. ရင်တွေကော.လို.
ငါတို.ဟာ
ခေတ်ရဲ. သားကောင်တွေမဟုတ်ဘူး
ခေတ်ရဲ. အရှင်သခင်တွေဟေ.
ခေတ်ရဲ. အရှင်သခင်တွေဟေ.
ပိတောက်ပွင်.တွေ လေထဲမှာ ယိမ်းကနေကြပြီ ။
အတိတ်ဆိုတာ
သင်္ခန်းစာယူရုံသက်သက်ပဲ
ဘာကိုခံစားနေမှာလဲ ။
ဟေ. ၀ရန်တာကလူ
အောက်ကိုဆင်းခဲ.
ခင်ဗျားနှလုံးသားလေးကို
အပျော်တွေနဲ.ဆေးကြောလိုက် ။
မှောင်မိုက်တဲ. ညတွေကို
အပျော်တွေနဲ. ထွန်းလင်းထားတယ်
ပူလောင်တဲ.နေ.တွေကို
အပျော်တွေနဲ. အေးမြစေမယ်
နှစ်သစ်အလွန်မှာ
အေးချမ်းတဲ.ဘဝ
သိက္ခာရှိတဲ.ဘဝ
လုံခြုံတဲ.ဘဝ
ရကိုရတော.မှာဖြစ်တယ်
သင်္ကြန်ကျပြီ ။ ။
မင်းချစ်ဦး ။
မှတ်ချက် ....သဘောချင်းမတိုက်ဆိုင်ခဲ.သော် စိတ်မဆိုးပါ ။။
မျှော်စင်
စာပေ အနုပညာနှင်. သဘောထားအမြင်
Sunday, 16 September 2012
Saturday, 31 March 2012
တစ်ယောက်တည်း
တစ်ယောက်တည်း
လူနဲ.ဘာသာစကားအရ
ခင်ဗျားနဲ. ကျွန်တော်
ပျော်လည်း ပျော်ရ ၊ ရယ်လည်းရယ်ရ။
လူနဲ.ဘာသာစကားအရ
ခင်ဗျားနဲ. ကျွန်တော်
တိတိကျကျ ပြောနိုင်တာတွေရှိတယ်
မပြောဖြစ်ဘဲ ဒီအတိုင်းထား ခဲ.တာတွေရှိတယ်။
ပြီးတော.
နေ.စဉ်ဘ၀တစ်ခုထဲကနေ
ရုပ်ရှင်ကြည်.တယ်
ဘောလုံးပွဲတိုင်းမှာ ထက်သန်တဲ.အရာတွေကိုမြင်ရတယ်
လူတွေကိုငေးမောရင်း
ခ င်ဗျားနဲ. ကျွန်တော် ပျော်ရွှင်ရတယ်။
ဘာမှမလုပ်လို. ဘာမှမဖြစ်ဘူးဆိုရှင်းတယ်
ဘာမှမလုပ်ပဲ ဖြစ်သွားတာဆိုလို.
အသက်ကြီးရင်.ခြင်းပဲလားလို.တွေးမိတော.
ခု ကျွန်တော်.ဘေးမှာ ခင်ဗျားမရှိတော.ဘူး။ ။
မင်းချစ်ဦး
{ ဦးကျောက် သို.}
Tuesday, 17 January 2012
ကျွန်တော် နှင်. ဆရာ အောင်သင်း ၏ one man show
ဘယ်အရာမဆို အေးအေးဆေးဆေး လုပ်တတ်သော သို.မဟုတ် အပျင်းကြီး အချိန်စွဲတတ်သော ကျွန်တော်.
အတွက် စာပေဟော ပြောပွဲ များကား ချို.ယွင်းချက် ဖြစ်သည်။ သို.သော် ဆရာအောင်သင်း၏ တကိုယ်တော် ပွဲမှာတော. ပွဲ စမည်.အချိန်ထက် နာရီဝက်ခန်.နောက်ကျပြီးမှ အန် တီ ယူ စီ စင်တာထဲကို ရောက်သွားခဲ.သည်။ ဖြစ်ပုံကဒီလိုပါ ။ ဟောပြောပွဲလက်မှတ်ထဲမှာ နေ.လည် တစ်နာရီ တိတိမှ ညရှစ်နာရီ အထိလို.ရေးထားတာကို နေ.လည် နှစ်နာရီ တိတိမှ ညရှစ်နာရီလို. အမှတ်မှားသွားသောကြောင်ဖြစ်သည်။
ဒါပေမယ်. ကျွန်တော် ကံကောင်းပါသည်။ ကျွန်တော် ဟောခန်းထဲ ရာက်သည်အထိ သူတို. အစီစဉ်များ မစဖြစ်ကြသေးပါ။

စတိတ်ဘက်ဂရောင်း မှာတော. ခုလိုတွေ. မြင်နေရပါပြီ။
နောက်ငါး မိနစ်လောက် ကြာမှ အစီစဉ် တင်ဆက်သူတွေ စင်ပေါ်တက်လာပါတော.တယ်။ သူတို.ကတော. ထုံးစံအတိုင်း နီအန်းက ကိုကို မမ တွေပဲပေါ.ဗျာ။
အစီစဉ်တွေ ကတော. အများကြီးပဲဗျ။ အကုန်တော. မမှတ်မိတော.ဘူးဗျာ။ အခန်းနား ဖွင်.လစ်ကြောင်းကို ကျေညာအပြီး အစီစဉ် တစ် အရ နိုင်ငံတော် သီဆိုပါ ဆိုလို.
ခုလို မတ်တတ်ရပ်ပြီး အားပေးလိုက်ရသေးတယ်ဗျ။
အဲဒိနောက်မှာ ဒေါ်သန်းသန်းနု ကလည်း အဖွင်. အမှာစကား မိန်.ကြား သွားသေးတယ်။
ဒေါ်သန်းသန်းနု အပြီးမှာတော. ကိုသင်း ခေတ္တစင်ကာပူ ရဲ. သရုပ်ပါလှတဲ. ကာတွန်းပုံ များစွာနဲ. ဆရာအောင်သင်း၏ အတ္ထုပ်ပတ်တိကို ဖတ်ပြပေးပါတယ်။ အဲဒိနောက်မှာ ဆရာအောင်သင်းရဲ. တစ်ကိုယ် ပထမပိုင်းကိုစတင်ပါတယ်။
အသက် ၈၅ နှစ်ရှိပြီ ဖြစ်တဲ. ဆရာ.ကို ခုလိုစင်ပေါ် တွဲတင်ပေးကြပါတယ်။
ဆရာဟာ
အရင်ပွဲပေါင်းများစွာမှာ တက်တက်ကြွကြွ အားမန်အပြည်.နဲ.ဟော ပြောခဲ.ပေမယ်. ခုတစ်ကိုတော်ပွဲမှာတော. ဆရာ.အာတွေက လေးတွဲ.နေခဲ.သည်။ အသက်ရွယ်ကြောင်.လား တခြားဖီလင်ကြောင်.လားဆိုတာကတော. ဆရာကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ်.မည်။
ဆရာ.ရဲ.တစ်ကိုတော် ပထထမပိုင်းအပြီးမှာတော.
နီအန်းကဆရာတစ်ယောက် က စာပေသုတ ပဟေဠိ ကိုတင်ဆက်ပါတယ်။ ထိုဆရာ၏ စေတနာများကိုပါလေးစားနေမိပြန်တယ်။
ဒါတွေကတော. ထိုဆရာမေးတဲ.မေးခွန်းတွေပါ။ ကျန်ရင်တောင် တစ်ခု နှစ်ခုလောက်ကျန်ခဲ.မှာပါ။ ကိုယ်.ကိုယ်ကို တော်တယ်ထင်ရင် ဖြေကြည်.ပေါ.ဗျာ ဟဲ ဟဲ ။
ဒီလိုနဲ. ဆရာအောင်သင်းရဲ. တစ်ကိုတော် ဒုတိယ ပိုင်းကို စပြန်ပါတယ်။
ပထမပိုင်းမှာ အာမတွေ.ခဲ.တဲ. ဆရာဟာ ဒုတိယပိုင်းမှာလည်း ဟုတ်တိပတ်တိ မဟုတ်ခဲ.ပါဘူး။
အဲဒိနောက်မှာတော. အဖြေမှန်သူများကို ဆုများပေးအပ်ပါတယ်။
အော်မေ.နေလို. ဆရာကြီးနဲ. နဖူးတိုက် ဒူးတိုက်ဆိုပြီး အမေးဖြေ လေးတွေလုပ်ပါသေးတယ်။
ပွဲဦးထွက် ကျွန်တော် မေးတဲ. တောင်တွင်းရှင်ငြိမ်းမယ် ရဲ.စာတွေကိုတစ်စုတစ်ဝေးတည်းဖတ်ချင်ပါတယ် စာအုပ်ရှိရင် ညွှန်ပြပေးပါ နှင်. မြန်မာ.ဆိုင်းပညာ အကြောင်း စာအုပ်စာတမ်းများ ရှိပါက ညွှန်ပြပေးပါ လို.မေးတာကို ဆရာကြီးက မဖတ်ဖူးဘူး မဖတ်ဖူးပါဆိုပြီး ဘူးသီးရောင်းသွား ခဲ.ပါတယ်။ ကျန်တာတွေကတော. နိုင်ငံရေးရိပ်မကင်းတဲ. မေခွန်းတွေများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လို မြင်ပါသလဲ တို. ဦသိန်းစိန်ကို ဘယ်လိုမြင်ပါသလဲ တို. ဆိုတာမျိုးတွေပါပဲ။
အဲ ပရိတ်သတ်တွေ ၀ါးခနဲ ပွဲကျသွား ခဲ. တဲ. မေခွန်းလေးတစ် ခုလဲ ပါသေးတယ်ဗျ ။
နာမည်တော. မေ.သွားပြီဗျာ သူမေးတာကဒီလိုပါ
ဆရာ တဲ. ယနေခေတ် အပြာစာပေတွေဟာ လူငယ်တွေကို အင်မတန် ညှို့ယူဖန်းစားတတ်ပါတယ် အဲ.ဒိလို စာပေတွေကို ရော ရသစာပေ လို.ခေါ်နိုင်ပါသလား ဆရာ တဲ. ။
ဆရာက ဥပမာလေးတစ်ခုပေးပြီး ခုလိုဖြေသွးခဲ.ပါတယ်။
ငါ တစ်ခါက မုံရွာ က မိန်းမကြီးတစ်ယောက် ဆီ စာရေး လိုက်တယ် ။ အဲဒိမုံရွာကမိန်းမကြီးက ငါ.စာကိုဖတ်ပြီးတော. ငိုတယ်။ စာထဲမှာငါရေးလိုက်တာက ဟိုး ရန်ကုန်မြို.စွန်မှာ နေတဲ. နင်.သား သေပြီလို. ရေးပေးလိုက်တာ ဘာ ရသမှမပါဘူး သေချာစဉ်းစားကြည်.စမ်း အကြောင်းရာကိုက ငိုစရာဖြစ်လို. ငိုတာပဲ အပြာစာပေမှာလည်း ဒီအတိုင်းပဲ ဟိုက ရသ ကောင်းလွန်းလို.မဟုတ်ဘူး မင်းကိုက ထနေလို.နေမှာ လို.လဲဖြေလိုက်ရော ခန်းမကြီးတစ်ခုလုံး ၀ါး ခနဲ ပွဲကျသွားပါတယ်။
မေး တဲ.သူကတော.တော်တော်ရှက်သွားမှာပဲ ။
နောက်ဆုံးမှာတော.
ခုလို နဂါးနီ ကွန်မြူနစ် သီချင်းကို ပြိုင်တူဆိုပြီး အခန်းနား ပိတ် လိုက်ပါတယ် ။
အဲဒါကို က တဲ. သူကလဲ ကပါတယ် ။
ဆရာအောင်သင်း ကတော. စိတ်ညစ်နေမလား လို.တောင် ကျွန်တော် တွေးမိပါသေးတယ်။
ဒီလိုနဲ. နေလည် ၁ နာရီတိတိမှာ စမယ်လို.ကြေညာ ခဲ.တဲ. ဆရာအောင်သင်းရဲ. တစ်ကိုတော်ပွဲဟာ ၁နာရီခွဲ ကျော်မှာ စခဲ.ပေမယ်. ည ၈နာရီ တိုင်အောင် မစောင်.လိုက်ရဘဲ ၇နာရီ မခွဲခင်မှာပဲ ပြီးဆုံးခဲ.ပါတယ် ။
စင်ကါပူမှာ လုပ်ခဲ.တဲ. ပွဲတွေထဲမှာ တော. ဒီပွဲငြီးငွေ.စရာ အကောင်ဆုံးလို. ဆိုရင် ဘယ်သူမှမငြင်းနိုင်ပါဘူး ။ ကျွန်တော် ကိုယ်တိုင် တစ်မိနစ်လောက် အိပ်ငိုက်ခဲ.မိသလို ကျွန်တော်.ဘေးနားက အကိုကြီးလဲ အိပ်ငိုက်နေတာ တွေ.လိုက်ရလို.ပါဘဲ ။
ဘာ.ကြောင်.လဲဆိုတာကိုတော. ကျွန်တော်လဲ မစဉ်းစားတတ်ပါဘူး ။
ကျွန်တော်ပြောနိုင်တာ တစ် ခုတော.ရှိပါတယ်
အဲ.ဒါကတော. လွန်ခဲ.တဲ. သုံးနှစ်က ဒီနေရာမှာ ပြုလုပ်ခဲ.တဲ. အောင်မြင်ခဲ.တဲ. စာပေဟော ပြော ပွဲ ကိုလွမ်းနေမိတယ်ဆိုတာပါဘဲ ။ ။
ကျေးဇူးတင်စွာဖြင်.
မင်းချစ်ဦး ။ ။

Tuesday, 16 August 2011
ကဗျာဆရာတဲ.လေဗျာ
ဆယ်.ရှစ်နှစ်သားဘ၀တုန်းကတော. ကဗျာနဲ.နိုဘယ်ဆုရအေင်လုပ်မယ်လို. ကိုယ်.ကိုကိုယ်ယုံကြည်ခဲ.သူပေါ. ။
ကဗျာအကြောင်းတွေးနေရတဲ.နေ.တွေဟာ ပျော်စရာကောင်းခဲ.ပြီး ၊ အလိုမတူပါပဲနှင်. မိမိစိတ်ထဲမှ ကဗျာကိုမောင်းထုတ်လိုက်ရတဲ.နေ.တွေဟာ ကုန်းမြေပေါ်ပစ်ချခံလိုက်ရတဲ. ငါးတစ်ကောင်လို ပင်ပန်းဆင်းရဲကြီးခဲ.ဖူးတယ်။
ကဗျာတစ်ပုဒ်ရေးဖြစ်တဲ. နေ.ဟာ တခြားနေတွေနဲ.မတူးဘူး။ မိုးရွာသွန်းပြီးကာစ ကောင်းကင်လို စိတ်ဟာ ကြည်လင်အေးမြနေတယ်။ ခြေလှမ်းတိုင်းမှာ နဂိုကလို ယုံကြည်မှုတွေ၊ မျော်လင်.ချက်တွေ၊ အားအင်တွေနဲ. တက်ကြွနေတယ်။
ဒီတစ်လကတော. ခံပြင်းဖွယ်ရာ နေရက်တွေနဲ.သာကုန်ဆုံးသွားတော.တယ်။ အကြောင်းရာ အားလုံးဟာ ပျင်းရဖွယ်ရာတွေချည်းထင်နေမိပြန်တယ်။ စာရွက်အလွတ်ကို ရှေ.မှာချပြီး ဘောပင်ကိုကိုင်ထားပေမယ်. ရေးစရာ စကားလုံးတွေက ပျောက်ဆုံးနေတယ်။ လင်းပွင်.မှုဆိုတာကတော. ဘယ်ဆီရောက်နေမှန်းကိုမသိတာ။ စိတ်ရှုပ်လာတယ်။ ဘောပင်နဲ.စာရွက်ကိုစက်ဝိုင်းတွေကွင်းပစ်တယ်။ ဘောစေ.ကြွေတယ်။
ဘောပင်ကိုချိုးတယ်။ ပြိးရင်အမှိုက်ပုန်းထဲကို လွင်.ပစ်မိပြန်ရော။ စိတ်ထဲ ဘာမှဖြစ်လာမယ်.ကောင်မဟုတ်ဘူးလို. ထင်လာတယ်။ ကြာရင်မလွယ်ဘူးလို.လဲတွေမိသေးတယ်။ အမှန်တိုင်းဝန်ခံရရင် ဘ၀မှာ အဲဒီလို နေ.ရက်တွေက ရေတွက်လို.တောင်ရမယ်မထင်ဘူး။ ပြီးတော.လဲ ပြီးသွားတာပါဘဲ။ ဒါပေမယ်. ကဗျာရေးဖြစ်သည်ဖြစ်စေ၊ မရေးဖြစ်သည်ဖြစ်စေ စိတ်ဟာ မြောက်များစွာသောလမ်းကြောင်းတွေပေါ်မှာ ပြေးလွှားနေတယ်။ ဥမင်လိုင်ခေါင်းတွေထဲ တိုးဝင်ရှာဖွေနေတယ်။ တစ်ခုခုရလာစေမယ်. လမ်းကြောင်းတွေကို ဖွင်.ထားနေတယ်။ လမ်းကြောင်းတွေကစုံတယ်။ သတင်းစာ ၊ ဂျာနယ် မျိုးစုံ၊ ရုပ်ရှင်၊ တီဗွီ၊ ရေဒီယို ၊ သီချင်း၊ ကိုယ်.ပတ်ဝန်းကျင်က အမြင်၊ အကြား၊ အဖြစ်ပျက်၊ စာအုပ်မျိုးစုံ၊ ထဲကမှ ကံကောင်းထောက်မစွာ အကြောင်းရာတစ်ခု ရလာပြီဆိုပါတော. ကိုယ်လိုချင်တဲ. စကားလုံးတွေရဖို.ကထို.ထက် ပိုပြီးခက်ခဲနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော. လှပတဲ. စားတွေနဲ. ၊ လှပတဲ.အကြောင်းရာတွေနဲ. ပြီးပြည်.စုံတဲ. ကဗျာတစ်ပုဒ်ကို မိနစ် နှစ်ဆယ်လောက်နဲ.တင်ရတတ်ပါတယ်။ ဒါကလည်း တစ်ခါတစ်ရံ ဆိုမှ တကယ်. တစ်ခါတစ်ရံပါဘဲ။ တကယ်.တကယ်မှာတော. အားလုံးဟာ တဖြည်းဖြည်း တွေးယူရတာ ၊ မွေးယူရတာပါ။ များသောအားဖြင်. ကဗျာရေးသူ အများစု ကတော.ကဗျာလေးတစ်ပုဒ် ရဖို.ကို အချိန်ပြည်.တွေးတောကြံဆနေရတာပါ။ မပြတ်တမ်း ခြောင်းမြောင်းနေရတာပါ။ မမောတမ်းလေ.လာနေရတာပါ။ ကဗျာဆရာမောင်ချောနွယ်ကတော. " ကဗျာဆရာဆိုတာ ပင်လယ်ဓားပြနဲ. တူတယ်လို. ပြောဖူးပါတယ် " စဉ်းစားစရာပါ။ တကယ်. ကဗျာဆရာဆိုသူများမှာ အံ့ဩစရာကောင်းပါတယ်။ သူတို.ရဲ. ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ရှင်သန်မွေးဖွားနေစေဖို. သူတို.ရဲ.လက်ရှိဘ၀ကို အသေခံ ပြီးစတေးထားကြသူတွေပါ။ ဒါကြောင်.လဲကဗျာဆရာ အများစုဟာ ဆင်းရဲတဲသူတွေများနေတာပါ။ သူတို.ကငွေကိုမတွေးပဲ ကဗျာကိုပဲတွေးနေတာကိုး။ ကဗျာဆရာ မောင်သွေး သစ် ပြောဖူးတာလေးကလဲ မှတ်သား စရာကောင်းပါတယ်။ ရိုးရိုးလေးပါ ။ " သူများတွေထက်ကြောက်တတ်တာလဲ ကဗျာဆရာတွေပဲ ။ ဘယ်သူမှ မလုပ်ရဲတာကို လုပ်သွားတာလဲ ကဗျာဆရာတွေပဲတဲ. ။ " လက်တကမ်းမှာရှိုတဲ. ကါးတွေ ၊ တိုက်ခန်းတွေ ၊ ရာထူးတွေ ၊ ဒါတွေကို မျက်နှာလွဲပြီး ခြစ်ခြစ်ကုတ်ကုတ်နဲ. ဖြစ်သလိုနေနိုင်ဖို.ဆိုတာ တော်ရုံသတ္တိနဲ.မရနိုင်ဘူးလို.ထင်ပါတယ်။
ထို သူများကို အရွယ်ရောက်အောင် ကြွေးမွေးပြုစုခဲ.ပြီး အမျှော်လင်.ကြီး မျှော်လင်.ခဲ.ကြတဲ. ဖခင်များကတော. အောက်ပါအတိုင်း ပြောသံကြားဖူးကြောင်းပါခင်ဗျား ။
" ဒါနဲ. ခင်ဗျား သားရော ဘာခုပ်နေလဲ ဗျ "
" ပြောချင်ပါဘူးဗျာ "
"ဘာဖြစ်လို.လဲဗျ"
" ဒီလိုဗျာ ...သူကပိုက်ဆံမရတဲ. အလုပ်မှာတော. တော်တော်အောင်မြင်နေတယ်ပြောတာပဲ "
" ဘာလုပ်တာမို.လဲဗျ "
"ကဗျာ ဆရာတဲ.လေဗျာ " ။ ။
လေးစားစွာဖြင်.
မင်းချစ်ဦါ်း ။ ။
လေးစားစွာဖြင်.
မင်းချစ်ဦါ်း ။ ။
Saturday, 6 August 2011
ရေးဖြစ်တဲ.ကဗျာ( ၂၀၁၁)
နာရီ
နေ.ရက်တွေ အတိုင်း
အပွန်းအပဲ.တွေ များတယ်
အလျှော.ပေးရတာတွေများတယ်
အိပ်လို.မပျော်ဘူး
ဘယ်လိုမှမေ.မရဘူး
မအိပ်တော.လဲ မပျော်ဘူး
စိတ်ရှိတိုင်း ကြောက်လန်.နေတာ
သူ.ကြည်.တော.လဲ သူလိုငါလို
ခွေးလို အူတတ်ဖို.ပဲကျန်တော.တယ်
ဒီပြက်လုံးက မရယ်ရဘူး
Sunday, 24 July 2011
လောင်မြိုက်နေတဲ. ရေပြင်
လောင်မြိုက်နေတဲ. ရေပြင်
မိုးကုတ်က ကျောက်တူးသမားတွေ အဖိုးတန်ရတနာကိုရဖို. ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များလှတဲ. မြေတူးခြင်း အလုပ်ကို လုပ်ကြသလို ၊ ကဗျာတစ်ပုဒ် ရဖို. ဘယ်အရာမှ ကိုယ်.ဘက်မှာမရှိဘဲဖြစ်နေတဲ. နေရက်တွေကို တူးဆွခဲ.တဲ. သူလေးယောက်ရှိပါတယ် ။
သူတို.ကတော. ဘိုကျောက် ၊ ညီမွန် ၊ ဝေဒီနှင်း ၊ မင်းချစ်ဦး တို.ပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ.အောက်ချေက ရွေ.လျားမှုတွေကြောင်. မြေပြင်ပေါ်မှာ ငလျင်လှုပ်ခတ်မှုတွေဖြစ်ပေါ်စေပြီး အရာဝတ္ထုတွေ ရွေ.လျားခဲ.ရသလို ၊ ကျွန်တော်တို.လေးဦး စုစည်းနေရာကနေ တစ်ယောက်နဲ.တစ်ယောက် ဝေးကွာခဲ.ကြပါတယ်။
အလေ.ကျပေါက်တတ်တဲ. မြက်ပင် အချို.နဲ. အဖိုးတန် ပန်းပင်တချို.ဟာ လေပြေလေညှင်းကတဆင်. ၀တ်မှုံကူးကြသလို ကျွန်တော်တို. ဝေဒနာတွေကိုဝတ်မှုံ ကူးပြီး နေ.ရက်များစွာကိုဖြတ်သန်းလွန်မြေက်ခဲ.ကြပါတယ်။ ကျွန်တော်တို. တစ်ယောက်နှင်.တစ်ယောက် မိုင်ပေါင်း များစွာ ဝေးကွာနေကြပေမယ်. တစ်ယောက်အသံကို တစ်ယောက်ကြားနေရတယ်။ တစ်ယောက်အရိပ်ကို အခြားတစ်ယောက်က မြင်နေရတယ်။ ကြေးကြီးကြီးပေးဝယ်ထားတဲ. ရူးသွပ်မှုမှာ ကျွန်တော်တို.လေးယောက်ဟာ အသေချာ တူညီခဲ.ကြတယ်။
တစ်ချိန်က ဦးပိန်တံတားပေါ်မှာ တောက်ပခဲ.တဲ.နေရောင်ဟာ ခုထက်ထိကျွန်တော်. ခန္စာကိုယ်ထဲမှာနွေးထွေးဆဲ။ တစ်ချိန်က ဦးပိန်တံတားပေါ်မှာ ပြီးပြက်ခဲ.တဲ. ဆည်းဆာဟာ ခုထက်ထိ ကျွန်တော်. အာရုံထဲမှာ လှပဆဲ။ ခဏလေး မျက်တောင်ဆယ်ချက်ခတ်လိုက်ရုံနဲ. ဆယ်နှစ်ဆိုတဲ. အချိန်ဟာ ကုန်လွန်သွားတယ်။ ခု ကျွန်တော် သူငယ်ချင်းတွေကို သတိရတဲ.စိတ်နဲ. ရင်ဘတ်ထဲက တောင်သမန်အင်းရေပြင်ကို ငေးကြည်.လိုက်တော. အင်းရေပြင်ဟာ ပြာလဲ.လဲ.မီးတောက်တွေနဲ. လေင်မြိုက်နေတယ်။ ။

Saturday, 16 July 2011
ကျောက်ဆောင် အိပ်မက်
ဇ
လွန်ခဲ.တဲ. ငါးနှစ် နဲ.
လွန်ခဲ.တဲ. ငါးမိနစ် က
ဘာမှ မကွာဘူး။
လွန်ခဲ.တဲ. ငါးမိနစ်က
လွန်ခဲ.တဲ. ငါးနှစ် လိုဘဲ
ကဗျာအကြောင်းတွေးရင်
လက်ဖျားမှာ ချွေးစို.တယ်
ဆောက်တည်ရာမရဖြစ်တယ်။
လွန်ခဲ.တဲ.ငါးမိနစ်က
လေလိုပျံ.နှံ.မယ်. စိတ်နဲ.
ယုံကြည်ရာ ရူးသွပ်တယ်၊
လွန်ခဲ.တဲ. ငါးမိနစ်က
အရာရာ
သူ.အငွေ.သက်တိုင်း
ဘလိတ်ဓားတစ်ချောင်းလို
အလွယ်တကူပြတ်ချတတ်တာမို.
ဂရုတစိုက်သိမ်းထုတ်ထားတယ်
လွန်ခဲ.တဲ. ငါးနှစ်ကလို။
ဟော ဒိ ရှင်သန်မှု
ဟော ဒိ တပ်မက်မှု
ဟော ဒိ ဆွတ်ပျံ.မှု
ဘယ်တုန်းကမှ
ရေလောင်းပေါင်းသင်စရာ မလိုခဲ.ဘူး
ကန္တာရပင် လို
ငါ ဒို.လှပနေလိမ်.မယ်။ ။
မင်းချစ်ဦး ။ ။
မှတ်ချက် ။ ။ သူငယ်ချင်း ညီမွန် ဝေဒီနှင်း တို.အားသတိတရရေးဖွဲ.ပါ သည်။ ။
Subscribe to:
Posts (Atom)