ဆယ်.ရှစ်နှစ်သားဘ၀တုန်းကတော. ကဗျာနဲ.နိုဘယ်ဆုရအေင်လုပ်မယ်လို. ကိုယ်.ကိုကိုယ်ယုံကြည်ခဲ.သူပေါ. ။
ကဗျာအကြောင်းတွေးနေရတဲ.နေ.တွေဟာ ပျော်စရာကောင်းခဲ.ပြီး ၊ အလိုမတူပါပဲနှင်. မိမိစိတ်ထဲမှ ကဗျာကိုမောင်းထုတ်လိုက်ရတဲ.နေ.တွေဟာ ကုန်းမြေပေါ်ပစ်ချခံလိုက်ရတဲ. ငါးတစ်ကောင်လို ပင်ပန်းဆင်းရဲကြီးခဲ.ဖူးတယ်။
ကဗျာတစ်ပုဒ်ရေးဖြစ်တဲ. နေ.ဟာ တခြားနေတွေနဲ.မတူးဘူး။ မိုးရွာသွန်းပြီးကာစ ကောင်းကင်လို စိတ်ဟာ ကြည်လင်အေးမြနေတယ်။ ခြေလှမ်းတိုင်းမှာ နဂိုကလို ယုံကြည်မှုတွေ၊ မျော်လင်.ချက်တွေ၊ အားအင်တွေနဲ. တက်ကြွနေတယ်။
ဒီတစ်လကတော. ခံပြင်းဖွယ်ရာ နေရက်တွေနဲ.သာကုန်ဆုံးသွားတော.တယ်။ အကြောင်းရာ အားလုံးဟာ ပျင်းရဖွယ်ရာတွေချည်းထင်နေမိပြန်တယ်။ စာရွက်အလွတ်ကို ရှေ.မှာချပြီး ဘောပင်ကိုကိုင်ထားပေမယ်. ရေးစရာ စကားလုံးတွေက ပျောက်ဆုံးနေတယ်။ လင်းပွင်.မှုဆိုတာကတော. ဘယ်ဆီရောက်နေမှန်းကိုမသိတာ။ စိတ်ရှုပ်လာတယ်။ ဘောပင်နဲ.စာရွက်ကိုစက်ဝိုင်းတွေကွင်းပစ်တယ်။ ဘောစေ.ကြွေတယ်။
ဘောပင်ကိုချိုးတယ်။ ပြိးရင်အမှိုက်ပုန်းထဲကို လွင်.ပစ်မိပြန်ရော။ စိတ်ထဲ ဘာမှဖြစ်လာမယ်.ကောင်မဟုတ်ဘူးလို. ထင်လာတယ်။ ကြာရင်မလွယ်ဘူးလို.လဲတွေမိသေးတယ်။ အမှန်တိုင်းဝန်ခံရရင် ဘ၀မှာ အဲဒီလို နေ.ရက်တွေက ရေတွက်လို.တောင်ရမယ်မထင်ဘူး။ ပြီးတော.လဲ ပြီးသွားတာပါဘဲ။ ဒါပေမယ်. ကဗျာရေးဖြစ်သည်ဖြစ်စေ၊ မရေးဖြစ်သည်ဖြစ်စေ စိတ်ဟာ မြောက်များစွာသောလမ်းကြောင်းတွေပေါ်မှာ ပြေးလွှားနေတယ်။ ဥမင်လိုင်ခေါင်းတွေထဲ တိုးဝင်ရှာဖွေနေတယ်။ တစ်ခုခုရလာစေမယ်. လမ်းကြောင်းတွေကို ဖွင်.ထားနေတယ်။ လမ်းကြောင်းတွေကစုံတယ်။ သတင်းစာ ၊ ဂျာနယ် မျိုးစုံ၊ ရုပ်ရှင်၊ တီဗွီ၊ ရေဒီယို ၊ သီချင်း၊ ကိုယ်.ပတ်ဝန်းကျင်က အမြင်၊ အကြား၊ အဖြစ်ပျက်၊ စာအုပ်မျိုးစုံ၊ ထဲကမှ ကံကောင်းထောက်မစွာ အကြောင်းရာတစ်ခု ရလာပြီဆိုပါတော. ကိုယ်လိုချင်တဲ. စကားလုံးတွေရဖို.ကထို.ထက် ပိုပြီးခက်ခဲနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော. လှပတဲ. စားတွေနဲ. ၊ လှပတဲ.အကြောင်းရာတွေနဲ. ပြီးပြည်.စုံတဲ. ကဗျာတစ်ပုဒ်ကို မိနစ် နှစ်ဆယ်လောက်နဲ.တင်ရတတ်ပါတယ်။ ဒါကလည်း တစ်ခါတစ်ရံ ဆိုမှ တကယ်. တစ်ခါတစ်ရံပါဘဲ။ တကယ်.တကယ်မှာတော. အားလုံးဟာ တဖြည်းဖြည်း တွေးယူရတာ ၊ မွေးယူရတာပါ။ များသောအားဖြင်. ကဗျာရေးသူ အများစု ကတော.ကဗျာလေးတစ်ပုဒ် ရဖို.ကို အချိန်ပြည်.တွေးတောကြံဆနေရတာပါ။ မပြတ်တမ်း ခြောင်းမြောင်းနေရတာပါ။ မမောတမ်းလေ.လာနေရတာပါ။ ကဗျာဆရာမောင်ချောနွယ်ကတော. " ကဗျာဆရာဆိုတာ ပင်လယ်ဓားပြနဲ. တူတယ်လို. ပြောဖူးပါတယ် " စဉ်းစားစရာပါ။ တကယ်. ကဗျာဆရာဆိုသူများမှာ အံ့ဩစရာကောင်းပါတယ်။ သူတို.ရဲ. ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ရှင်သန်မွေးဖွားနေစေဖို. သူတို.ရဲ.လက်ရှိဘ၀ကို အသေခံ ပြီးစတေးထားကြသူတွေပါ။ ဒါကြောင်.လဲကဗျာဆရာ အများစုဟာ ဆင်းရဲတဲသူတွေများနေတာပါ။ သူတို.ကငွေကိုမတွေးပဲ ကဗျာကိုပဲတွေးနေတာကိုး။ ကဗျာဆရာ မောင်သွေး သစ် ပြောဖူးတာလေးကလဲ မှတ်သား စရာကောင်းပါတယ်။ ရိုးရိုးလေးပါ ။ " သူများတွေထက်ကြောက်တတ်တာလဲ ကဗျာဆရာတွေပဲ ။ ဘယ်သူမှ မလုပ်ရဲတာကို လုပ်သွားတာလဲ ကဗျာဆရာတွေပဲတဲ. ။ " လက်တကမ်းမှာရှိုတဲ. ကါးတွေ ၊ တိုက်ခန်းတွေ ၊ ရာထူးတွေ ၊ ဒါတွေကို မျက်နှာလွဲပြီး ခြစ်ခြစ်ကုတ်ကုတ်နဲ. ဖြစ်သလိုနေနိုင်ဖို.ဆိုတာ တော်ရုံသတ္တိနဲ.မရနိုင်ဘူးလို.ထင်ပါတယ်။
ထို သူများကို အရွယ်ရောက်အောင် ကြွေးမွေးပြုစုခဲ.ပြီး အမျှော်လင်.ကြီး မျှော်လင်.ခဲ.ကြတဲ. ဖခင်များကတော. အောက်ပါအတိုင်း ပြောသံကြားဖူးကြောင်းပါခင်ဗျား ။
" ဒါနဲ. ခင်ဗျား သားရော ဘာခုပ်နေလဲ ဗျ "
" ပြောချင်ပါဘူးဗျာ "
"ဘာဖြစ်လို.လဲဗျ"
" ဒီလိုဗျာ ...သူကပိုက်ဆံမရတဲ. အလုပ်မှာတော. တော်တော်အောင်မြင်နေတယ်ပြောတာပဲ "
" ဘာလုပ်တာမို.လဲဗျ "
"ကဗျာ ဆရာတဲ.လေဗျာ " ။ ။
လေးစားစွာဖြင်.
မင်းချစ်ဦါ်း ။ ။
လေးစားစွာဖြင်.
မင်းချစ်ဦါ်း ။ ။
No comments:
Post a Comment