ဆရာဇော်ဂျီ၏ ကဗျာများသည် ရိုးစင်းပြီးလှပနေတတ်သည်။ ဖတ်ချင်စဖွယ်ကောင်းလောက်အောင် စိုပြေနေတတ်သည်။ ဆရာသည် အဝေးရောအနီးပါမြင်တတ်သူပီပီ သူ၏ကဗျာများသည် ဘက်မျှနေသည်ကို တွေ.ရတတ်သည်။ ကဗျာဆရာတစ်ယောက် တတ်အပ်သောပညာရပ်ထဲတွင် မိမိအနီးနားရှိတဲ.အရာကို အဝေးသို.ချဲ.ပြနိုင်ခြင်း။ အဝေးကအရာကို အနီနားရောက်အောင် ချုံ.ပြနိုင်ခြင်း ဆိုတဲ. အရာလည်းပါသည်။ ထိုအရာတွင် ဆရာဇော်ဂျီသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။ ထို.ကြောင်. ဆရာဇောာ်ဂျီ၏ ကဗျာများသည် တစ်ခါဖတ်ပြီးမေ.မရနိုင်ခြင်းဖြစ်သည်။ ထို.ကြောင်. ဆရာဇော်ဂျီ၏ ကဗျာများသည် ကဗျာဖတ်သူ၏ရင်ထဲတွင် စွဲကျန်ရစ်ခဲ.ခြင်းဖြစ်သည်။ ထို.ကြောင်ပင် ဆရာဇော်ဂျီ၏ ကဗျာမှာ ဂန္တ၀င် ကဗျာများအဖြစ်ထင်ခြားနေခြင်းဖြစ်သည်။ ဆရာဇော်ဂျီ၏ အောင်မြင်ကျော်ကြားသော ဗေဒါလမ်း ကဗျာစုမှာ လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာကို ကြည်.ပြီးရေးထာတာဟု ဖတ်ရဖူးသည်။ စင်စစ် ဗေဒါလမ်းကဗျာများမှမဟုတ် ဆရာဇော်ဂျီ၏ ကဗျာ ၀တ္ထု ရသစာတမ်း အရေးသား အားလုံးသည် လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာကိုကြည်.ပြီးရေးထားချည်းဖြစ်သည်။ ထိုသို.သောဆရာဇော်ဂျီသည် အများတကါ မတွေ.မမြင်ခဲ.သော ရဟန်းတော်တို.၏ နှလုံးသားကိုလည်း မြင်တွေ.ခဲ.သည်။ မြင်တွေ.တဲ.အတိုင်းလည်း ကဗျာ တစ်ပုဒ်ရေးခဲ.ပါသည်။ ထိုကဗျာထဲတွင် ဆရာဇော်ဂျီသည် အမျီုးသမီးငယ် များကို ရဟန်တော်များနှင်. မချစ်ကြိုက်မိစေဖို. စပြီးဆုံးမထားသည်။ ပြီးမှ ရဟန်တော်တို.၏နုပျိုပုံ ၊ ငယ်ရွယ်နုပျိုသူ ဖြစ်သည်.အားလျှော်စွာ ငယ်ဂုဏ် ပျိုဂုဏ်ဖြင်. အရပ်သူအရပ်သားတို.ကဲ.သို. လှချင်ပချင်စိတ် ကြွားချင်စိတ် ရှိသော်လည်း မြိုသိပ်ထားရပုံဖြင်. ကဗျာ၏ပထမအပိုဒ်ကိုစဖွင်.ထားလေသည်။
ဒုတိယအပိုဒ်မှာတော. ငယ်ရွယ်သူ အရပ်သူအရပ်သား တို.၏ မိုင်းမှုံပြာရီသောအရွယ်တွင် ချစ်သူခြင်း ဘယ်ညာတွဲဤ ချစ်ခွင်. ကြည်နူးခွင်. ရကြပေမယ်. ငယ်ရွယ်သူခြင်းတူသော်လည်း အရပ်သူအရပ်သားတို.လို ချစ်ခွင်. ကြည်နူးခွင်.ကို ဘယ်ရဟန်တော်များမှ မရကြသည်မှာ ထူးဆန်းသည်ဟု ရေးပြထားသည်။
ထို.နောက် တတိယအပိုဒ်မှာတော. ရဟန်းတော်များမှာ အရပ်သူအရပ်သားတို.လို ချစ်တတ်တဲ.နှလုံးသား လှပချင်တဲ.စိတ်ရှိပေမယ်. ခန္ဒာပေါ်မှာ ခြုံလွှမ်းထားတဲ. အ၀ါရောင် သင်္ကန်းက သတိလက်မလွတ်အောင် ပြုနေသကဲ.သ.ိုရေးပြထားပြီး နောက်ဆုံးအပိုဒ်မှာတော. မိန်းမပျိုလေးများကို ရဟန်းတော်များနဲ.မချစ်မိစေဖို. ထပ်ပြီးဆုံးမထားပြန်ပါသည်။ ပြီးမှ ဆက်၍ ရဟန်တော်များမှာလည်း ငယ်ရွယ်သူများဖြစ်၍ ခန္ဒာကိုယ်မှာ အ၀ါရောင်သင်္ကန်းဝတ်ဆင်ထားရပါသော်လည်း ရဟန်တော်တို.၏ ရင်ဘတ်ထဲတွင် ချစ်တတ်တဲ.နှသား ရှိကြောင်း ။ ထိုရဟန်းတော်များခမျာ.မှာနှလုံးသားနှင်. နုပျိုခြင်းမာန်ကို ညာဏ်နှင်.ထိန်းနိုင်ပါမှသာ ဂုဏ်သရေ တင်.ဆန်းနိုင်ကြောင်းတိုကိုရေပြထားလေသည်။။
သေချာပါသည်။ ခု ကျွန်တော် ရေးပြသည်မှာ ဆရာဇော်ဂျီရေးသော ကဗျာ၏ ဆိုလိုရင်းကိုပြည်.စုံနိုင်မည်မဟုတ်ပါ။ ညဏ်ပညာခွန်အား စေတနာခွန်အား ကြီးမားလှသော ဆရာဇော်ဂျီ၏ ကဗျာကို ကျွန်တော်.လို သာမန် ၀ါသနာရှင်တယောက်က ပြီးပြည်.စုံအောင် ရှင်းမပြတတ်သည်မှာလည်း သဘာဝကျပါသည်။ စာဖတ်သူ အနေဖြင်.လည်း အားရကျေနပ်လိမ်.မည်မဟုတ်ပါ။ ထို.ကြောင်. ဆရာဇော်ဂျီ၏ မူရင်းကဗျာ ကို အောက်မှာ ဖော်ပြလိုက်ပါသည်။ ဆက်ဖတ်ကြည်.ပါ.......
မခူးချင်ဆန်ပါနဲ. နှစ်ဆန်းခါတော်မီမို.
ဇမ္ဘောရည်ပြေပြေလိမ်းကါပါ.
ခပ်သိမ်းနယ်စုံစုံသို.
ပွင်.ငုံကိုလင်.ကုန်ကြတော.လို. ခေါင်းကြွကာ ဆာဝေေ၀နဲ.
သူလည်းလေ လောကီသားလိုပါ.ကြွားချင်လှပေလိမ်.မယ်။
တသိန်တင်.ပါဘိ
တိမ်မြင်.ရီ ပြာပြာက
ကြည်သာသာ ပင်.လေအမြုးတွင်ဖြင်.
တီတာတာ ပွင်.ရွှေဖူးငယ်တို.က
လှည်ယှက်ကာ ဘယ်ညာလူးလေတော.
သူတို.လို ဘယ်သူမြူးနိုင်ပါ.
ထူးပါဘိတယ်။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာဘ၀င် ချမ်းစေတဲ.
သာသနာ ရွှင်ရွှင်လန်းအောင်လို.
တမင်မှန်းကါပါ. သတိစွယ်
ရည်ရွယ်တော.သလား။
ခူးပါနဲ.ကွယ်
ပွင်.ဖူးမှာ အ၀ါခြယ်ဤ
မာလာအလယ်မှာ နွဲ.ချင်တဲ. နှသားရယ်ကြောင်.
နှစ်ဆုံးကုန် အတာဝင်သို.
မာန်အင်ကို ညာဏ်ဆင်မွေးကာပါ.
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။
ဤ ကဗျာတွင်လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာ များပါဝင်သည်ကို စာဖတ်သူ သတိပြုမိပါလိမ်.မည်။ လောက သဘာဝ လောကအမူယာ ဆိုသည်မှာ ပိတောက်ပန်းနှင်. ပိတောက်ပင်ကိုဆိုလိုပြီး လူ.သဘာဝ လူ.အမူယာဆိုသည်မှာ ရဟန်းတော်များကို ဆိုလိုရင်ဖြစ်သည်။
ဆရာဇော်ဂျီ ကါး ဖုံးကွယ်ထားသော နှလုံးသားသော်မှ မြင်နိုင်စွမ်း ရှိသူပါတည်း။ ။
ကျေးဇူးတင်ပါသည်
မင်းချစ်ဦး
No comments:
Post a Comment