အချိတ်အဆက်မမိတဲ.နေ.များ
့သော.ပျောက်တယ်
နာရီရပ်တယ်
သစ်ရွက်တစ်ရွက်လက်ဖမိုးပေါ် ဖျတ်ခနဲကြွေကျတယ်
သွားတော.မှာလား
ငါနဲ.နည်းနည်းခင်တဲ.ခွေးက ငါ.အိမ်လိုက်လာတယ်
တစ်နေ.ပျော် တစ်နေ.ငိုရသော သဘောသဘာဝက
တခစ်ခစ်ရီတယ်
အဓိပ္ဖါယ်မရှိသောနေ.များ
အဓိပ္ဖါယ်ရှိသောနေ.များ
မြေကမ္ဘာရဲ.နေ.များ
လူကိုမီးရှို.တယ်ပြာကျတယ်
ပလတ်စတစ်ကိုမီးရှို.တယ် အစေးကျတယ်
ငါတို.ဘာများကျန်ရစ်သလဲ
တစ်စုံတစ်ရာ အမှတ်သားထားခဲ.မယ်
ထားခဲ.လေ
ဒီသင်္ကေတက
နောက်ထပ်လူဖြစ်လာမယ်.လူတွေ
ဘယ်သူနားလည်မယ်
စဉ်းစားတယ်
စဉ်းစားလေဝေးလေ
ပန်းတွေပွင်.တယ်ပွင်.ပါစေ
ပန်းတွေကြွေတယ်ကြွေပါစေ
သံသရာကို အမြစ်ပြတ်ဖို.
အနာမပေါက်သေး
တရားဓမ္မနဲ.
ငါမျက်ရည်ကျလည်း
ခဏပဲ။ ။
ခင်ဇော်မြင်.နဲ. ကျွန်တော် ကုထုဇဉ်ခြင်းတူပေမယ်. ကျွန်တော်က ကျွန်တော်.ရဲ. အဆင်မပြေမှု လွဲချော်နေမှုတွေကို ဒုက္ခလောက် စိတ်ပျက်စရာလောက်သာမြင်တတ်ခဲ.တာပါ။ ခင်ဇော်မြင်.ကတော. သံသရာကပြတ်ဖို. တရားဓမ္မနဲ.ပါဝေးနေသေးတယ်ဆိုတာထိအောင်မြင်နိုင်ခဲ.တယ်။ ဒါဟာ လူချင်းတူပေမယ်. အတိမ် အနက်ခြင်းမတူကိုပြနေတယ်လို. ယူဆမိကြောင်းပါခင်ဗျား။ ။
အားလုံးပျော်ရွှင်နိုင်ကြပါစေ
မင်းချစ်ဦး ။ ။
No comments:
Post a Comment