
သို. မေမေ ..... သူဒီလို အစချီလိုက်တိုင်း ရေးစရာတွေက သူ.ရင်ဘတ်ထဲသို. စုပြုံတိုးလာကြသည်မှာမနည်းလှပါ။ ရေးချင်တာတွေကလည်းများလှသည်။ မေမေ.ကိုကျမ္မာရေးဂရုစိုက်ဖို. အရင်ဆုံးရေးရမည်။ ပြီးရင်ဘယ်လောက် လွမ်းမိကြောင်းကိုပါ ရေးရမည်။ သူနှင်.မေမေကြားမှာ လွမ်းစရာတွေအမျာကြီးရှိသည်။ သတိရကြောင်းလွမ်းကြောင်းတွေမရေးခင် မေမေ.အကြောင်းတွေကို သူတွေးနေလိုက်မိသည်။ မေမေသည် ပီပြင်သော တောသူ လယ်သူမကြီးတစ်ဦးသာဖြစ်သည်။ သူ.မှာပိုင်ဆိုင်တာဆိုလို. ရိုးသားမှု ပွင်.လင်းမှု နှင်. ဖော်ရွေမှုတို.သာရှိသည်။ မေမေသည် ဟိတ်ကြီးဟန်ကြီးလုပ်ရမှာကို မနှစ်မြို. သူဖြစ်သည်။ အမြင်မတော်ရင်မတော်ပြောတတ်သည်မှာ မေမေရဲ.ပြင်မရသော အကျင်.တခုဖြစ်သည်။ ကလေးသူငယ်များနဲ. လူငယ်တော်တော်များက မေမေ.မြင်လျှင် မနှုတ်ဆက်ပဲ မနေနိုင်ကြပါ။ မေမေ.လက်ထဲမှာ ပစ္စည်းတခုခုရှိရင် သူတို.အလွယ်တကူတောင်းယူ၍ရနိုင်သောကြောင်.ဖြစ်သည်။ အကယ်၍ မေမေသည် လယ်ထဲမှဩဇာသီးလေးငါးဆယ်လုံးခူးပြီး အိမ်ပြန်လာသည်ဆိုပါစို. သေချာပေါက် ထိုဩဇာသီးများ အိမ်ကိုဘယ်တော.မှပါလာလေ.မရှိပါ။ မေမေ.ရဲ.သဘောကောင်းမှုနှင်. ကိုယ်.ပစ္စည်းကို အ၀တ်စားနှင်. ထုတ်ပြီး ကွယ်ဝှက်ယူမလာတတ်တဲ.အကျင်.က ဩဇာသီးများကိုလမ်းကုန်သွားစေခဲ.ခြင်းဖြစ်သည်။ မေမေ.ကို လူချစ်လူခင်ပေါ်များစေသော အကြောင်း များစွာထဲက တခုမှာ မေမေကိုယ်တိုင် တယုတယစိုက်ပျိုးထားတဲ. ဆူးပုတ်ပင်ကြောင်. ဟုသူထင်သည်။ မေမေရဲ. အသိတော်တော်များများမှာ ထိုဆူးပုတ်ပင်နှင်.မကင်းကြချေ။ အိမ်ရှင်မများအတွက် နေ.စဉ်နှင်.အမျှဦးနှာက်ခြောက်ရသည်မှာ မိသားစုအတွက် ဟင်းတခွက်ပဲ မဟုတ်လား။ မေမေတယုတယ စိုက်ပျိုးခဲ.ပြီး အိမ်နီးနားချင်း များနှင်.တကျက်ကျက်ဖြစ်ရသော အပင်မှာ စပါယ်ပင်ကြီးဖြစ်သည်။ ဖြူဖွေးထွားကြိုင်းသော စပါယ်ပွင်.ကြီးများကိုမြင်လျင် ပျော်ရွှင်နေတတ်သည်မှာ
မေမေ၏ ငယ်ဘ၀မှယနေထိတိုင်ဖြစ်သည်။ ထိုသို.ပင် သူ၏ စပါယ်ပွင်.များကို အသိမပေးပဲ ခူးယူသွားခူးယူသွားလျှင်လဲ စိတ်ဆိုးတတ်သည်မှာ ယနေ.ထိပင်ဖြစ်သည်။ တကယ်စာရေးသည်.အခါ ထိုစပါယ်ပင်ကြီးပါအောင်ရေးမည်ဟု သူတေးထားလိုက်သည်။ ဆက်ပြီး မေမေ.အကြောင်း စဉ်းစားလိုက်သောအခါ တိတ်ဆိတ်သောအမေ၏ ညတွေကိုသတိရလာသည်။ အဖေသည် ကုန်သည်ပွဲစားပီပီ တခါတရံ တစ်ရွာမှ တစ်ရွာ ဒါမှမဟုတ် ရွာမှမြို. သွားလာရင်းက အိမ်ပြန်နောက်ကျတတ်သော ညတွေရှိ တတ်သည်။ ထိုအခါ မေမေသည် အဖေပြန်လာသည်.တိုင်အောင် အ၀တ်စားအပြဲတွေကို ဖာရင်း ဆန်ပြာရင်း စိတ်ရှည်စွာစောင်.မျှော်နေတတ်သည်။ ထိုအခါ အိမ်ရဲ.မြောက်ဘက် ညောင်ပင်ကြီးဆီမှ အစာရှာနေသော သစ်တောက်ငှက်၏ အသံမှာ ပိုပြီးကျယ်လောင်နေတတ်သည်ဟု ခံစားနေမိသည်။ တစ်ခါမှာတော. အဖေသည်တော်တော်နှင်.ပြန်မလာခဲ.ပါ။ ညဉ်.လည်းအတော်နက်သွားသည်။ တိတ်ဆိတ်မှုနှင်. အေးစက်မှုတို.၏ပမာဏမှာလည်း တဖြေးဖြေးကြီး ထွားလာနေသည်။ တလောကလုံးမှာ မေမေရယ် သူရယ် သစ်တောက်ငှက်ရယ်ပဲရှိသည်ဟုထင်ရလောက်တဲ.အထိဖြစ်သည်။ မည်သို.ပင် ညဉ်.နက်သည်ဖြစ်စေ အဖေ အိမ်ပြန်ရောက်တာနဲ. သစ်တောက်ငှက်၏အသံမှာ တိုးတိတ်သွားရမြဲဖြစ်သည်။ ခုနေခါ ပြန်စဉ်းစားကြည်.တော. တခါက ခြောက်ခြားဖွယ်ရာ ကေါင်းသော သစ်တောက်ငှက်၏ အသံမှာ ဟိုစဉ်ခါကလောက် မဟုတ်တော.ဘဲ လွမ်းမောဖွယ်ရာလောက်သာ ဖြစ်နေတော.သည်။ မေမေ.အကြောင်းစဉ်းစားရင်းနှင်ပင် သူ၏နှုတ်ခမ်းများကတဖြေးဖြေးပြုံးလာသည်။ အမှန်တကယ်ပင် မေမေနှင်. သူ၏အကြားတွင် ပြုံးချင်စရာကေါင်းသော အကြောင်းရာတစ်ခုရှိခဲ.ဖူးသည်။ မေမေသည် ဒေါသကြီးသူများ အငြိုးကြီးသူများစာရင်းတွင် ပါဝင်သူမဟုတ်ပါ။ ပြီးတော. အရယ်လွယ်သူလည်းဖြစ်သေးသည်။ ဤသည်ကပင် သူ.အတွက် ခုနေခါပြန်ပြီးပြုံးချင်စရာဖြစ်လာရသည်မဟုတ်လား။ မှတ်မိပါသေးသည်။ ဦးခင်မောင်ဝင်းမျက်နှာ ရုတ်တရက်တချက်ပျက်သွားပြီး မေမေ.ဆီသို.လှမ်းကြည်.လိုက်သည်။ ထိုအကြည်.ထဲတွင် "ခင်ဗျား တို.သားကို မဆုံးမထားဖူးလား " ဆိုသည်.မေးခွန်းက သိသာပေါ်လွင်နေသည်။
သူအမေ.ကိုကြည်.လိုက်တော. အမေ.လက်ထဲမှာ ၀ါးခြမ်းပြား တစ်ချောင်းက အလိုလိုရောက်ရှိနေခဲ.ပြီ။ သူ.ဦနှောက်က အန္တရာယ် ရနံ.ရလိုက်တယ်ဆိုရင်ပဲ သူ.ခြေလှမ်းတွေက အမေနဲ.ဝေးရာကို စတင်ပြေးနေပါပြီ။ အမေကလည်းသူ. နောက်က တစ်လှမ်းခြင်း လိုက်လာပါသည်။ သူကလည်းမရပ်ပါ။
" ဟဲ. ခုရပ်စမ်း "
" မရပ်ဘူးဗျာ အမေက သားကိုရိုက်မှာကြီးကို "
" ရိုက်မှာပေါ. နင်ကဘာလို.လူကြီးတွေကိုပြန်ဆဲလဲ "
" သူတို.က သားကိုစတာကိုးဗျ "
" ဟဲ. သူတို.က နင်.ကိုချစ်လို.စတာကို "
" ကျွန်တော် မှမကြိုက်တာ ဗျာ "
" နင်မကြိုက်တိုင်း ပြန်ဆဲ စရာလား နင်မကြိုက်ရင်း သူတို.နဲ.ဝေးရာမှာနေပေါ. "
" ဟာဗျာ အမေကလည်း "
" အေး နင်ခု ရပ်လိုက်စမ်း "
" အမေက ရိုက်မှာကို "
" လျှာမရှည်နဲ. ရပ်ဆို ရပ်စမ်း "
သူကလည်း မရပ်သလို အမေကလည်း စွဲမရှော.ပါ ။ အမှန်တော. ပြေးနေသည်ဆိုပေမယ်. အဝေးကြီးကို ပြေးနေခြင်းမျိုးလဲ မဟုတ်ပါ ။ အမေစိုက်ထားသော စပါယ်ရုံကြီးကို လှည်.ပတ်နေခြင်းသာဖြစ်သည်။ အဲ.ဒိလိုလှည်.ပတ်နေရင်းက သူ.ဦနှောက်ထဲတွင် လွတ်မြောက်ရန် အလင်း တစ်စ ၀င်လာသည်။ သို.ဖြင်. သူစအကောင်ထည်ဖော်လိုက်သည်။
" အမေ. "
" ဘာလဲ ငါကိုမခေါ်နဲ. "
" အမေက သားကို တကယ်ရိုက်မှာလား "
" ဟဲ. ရိုက်မှာပေါ. နင်က လူကြီးတွေကိုဆဲတာကိုး "
" ရိုက်တော. နာမှာပေါ.ဗျ "
" နာနာ "
" အမေ. သားနာမှာလေဗျာ မရိုက်နဲ.နော် အမေ"
" ............ "
" အမေ. "
" ဘာလဲ "
" ဒုတ်ကြိး ချထားပါတော.ဗျာ "
" ဘာလို.ချရမှာလဲ နင်.ကိုရိုက်ပြီးမှချမယ် "
" ညောင်းနေပြီဗျ "
" ..................... "
သူကခြေသလုံးကြွက်သား ကိုလက်နဲ.ထောက်ပြရင်း မျက်နှာကပြုံးစိစိနှင်.
" အမေရိုက်ရင် ဒီနားကိုရိုက်မှာလား "
" ............ "
" အမေ. "
" ဘာလဲ "
" မျက်နှာက ဘာလို.ပြုံးနေတာလဲ "
" အေး နင်ကြပ်ကြပ်သတိထား "
" ဟုတ်ကဲ. "
" ဘာဟုတ်ကဲ.လဲ "
" အာ အမေကလဲဗျာ "
ဒီလိုနဲ.ပဲ အမေသည် ဒေါသပြေမြဲ လက်ထဲကဒုတ်လွတ်ကျမြဲ ဖြစ်သည်။ ထိုအခါ သူလဲ အမေ.ရင်ခွင်ထဲသို. ပြေးဝင်မြဲဖြစ်သည်။ အမေကလည်း သူ.ကို ဗိုက်ကြောဆွဲလိမ်မြဲပင်ဖြစ်။
အမေ. အကြောင်းတွေက စဉ်းစားလို. မကုန်နိုင်ဖွယ်ပါဘဲ ။ သူသည် စရေးတော.မည်ဟုပြုပြီးမှ လက်ထဲက ဘောပင်ကိုအသာချကာ စဉ်းစားဟန်နှင်. ပြတင်းပေါက်မှတဆင်. အ ပြင်ဘက်က အမှောင်ထုကို ငေးကြည်.နေသည်။
ထိုစဉ် ကျောင်းထိုင်ဆရာတော်သည် အခန်းတံခါးဝသို. ရောက်လာပြီး " လူလေး အိပ်တော.လေကွယ် သား သူငယ်ချင်းတွေလဲ အားလုံးအိပ်ပျော်နေကြပြီပဲ "
" ဟုတ်ကဲ ဖာသာ " ဟု ပြောပြီး သို. မေမေ မှတပါး ဘာမှရေးမထားရသေးသောစာရွက်လေးကို ဆရာတော် မမြင်အောင် အသာဝှက်လိုက်သည်။ ကျောင်းထိုင်ဆရာတော်သည် ကောင်လေးရဲ.စာရွက်မြင်လိုက်ပေမယ်. မမြင်ဟန်ပြုပြီး " ဂွတ်နိုက် လူလေး " ဟုပြောကာ အခန်းမီးနှင်. တံခါးကိုအသာပိတ်ပြီး ပြန်လာခဲ.သည်။
ကျောင်းထိုင်ဆရာတော်သည် ကောင်လေးအတွက် မွန်းကျပ်သော ဝေဒနာကို ခံစားလာရသည်။ အဘယ်.ကြောင်.ဆိုသော် ကောင်လေး မသိမသာဝှက်လိုက်သော စာရွက်ထဲတွင် ဘာရေးထားသည်ကို ကျောင်းထိုင်ဆရာတော် သိနေခြင်းကြောင်.ပင်ဖြစ်သည်။ ကောင်လေး ညစဉ်ညတိုင်း ဗလာစာရွက်ထဲမှာ သို. မေမေ ဟုရေးပြီး ပြတင်းပေါက်မှတဆင်. အပြင်က အမှောင်ထုငေးကြည်.နေခဲ.သည်မှာ လွန်ခဲ.သော ငါးလလောက်ကတည်းကဖြစ်သည်။ အမှန်တကယ်တွင် ကောင်လေး အမေဘယ်သူဘယ်ဝါဆိုတာ ကျောင်းထိုင်ဆရာတော်ပင် မသိခဲ. ပါ။
လွန်ခဲ.သော ဆယ်.ငါးနှစ်က ကောင်လေး ဒီကျောင်းကိုရောက်တော. မည်သူမှမပါ ပါ ကောင်လေးတစ်ယောက်တည်း။ ထိုစဉ်က သူ.အသက်မှာ ခြောက်လသားအရွယ်သာရှိသေးသည်။
ကျောင်းထိုင်ဆရာတော်သည် မွန်းကျပ်လာသော ဝေဒနာ များကို သက်ပြင်း အဖြစ် " ဟူး " ခနဲမှုတ်ထုတ်လိုက်ပြီး ညာဘက်လက်ဖြင်. နဖူးစ နှင်. ဘယ်ဘက်ရင်အုံ ညာဘက်ရင်အုံတို.ကို အသာတို.ကာ အာမင် ဟု ရေရွတ်လိုက်သည်။
မှောင်မဲသော လမိုက်ည၏ကောင်းကင်အောက်တွင် ခရစ်ယန်မိဘမဲ.ဂေဟာ သည်ကါး မှောင်မဲသထက် မှောင်မဲပြီး၊ တိတ်ဆိတ်သထက် တိတ်ဆိတ်နေလေသည် ။ ။
မင်းချစ်ဦး ။
မှတ်ချက် = ဤ၀တ္ထုတိုသည် ကျွန်တော်၏ ကိုယ်ပိုင်ဝတ္ထုဖြစ်ပါသည်။ မည်သည်.နိုင်ငံခြား ၊ ပြည်တွင်း ၀တ္ထတိုကိုမှမှီထားခြင်းမရှိပါ ။ ။